ထိုင်းနိုင်ငံ တိုင်းရင်းဆေးနှင့် အစားထိုးဆေးပညာဦးစီးဌာနဟာ ဆေးခြောက်ကို ဆေးဝါးကုသမှုဆိုင်ရာ ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပဲ တင်းကျပ်စွာ အသုံးပြုရမယ်ဆိုတဲ့ ဝန်ကြီးဌာနရဲ့ စည်းမျဉ်းအသစ်တွေ ထွက်ပေါ်လာပြီးနောက် ဆေးခြောက်ရောင်းချမှုတွေကို ပိုမိုထိန်းချုပ်လိုက်ပါတယ်။ အဆိုပါ စည်းမျဉ်းသစ်တွေကို ဧပြီလ ၂၉ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့ကစလို့ စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း အပန်းဖြေစရာအဖြစ် အလွန်အကျွံ သုံးစွဲလာကြတာကို စိုးရိမ်တဲ့အတွက် အစိုးရမူဝါဒနဲ့အညီ တစ်နိုင်ငံလုံးက ဆေးခြောက်လုပ်ငန်းတွေကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။အစိုးရအနေနဲ့ ဘန်ကောက်လိုမျိုး ခရီးသွားဒေသတွေမှာ ဆေးခြောက်ဆိုင်တွေ မှိုလိုပေါက်အောင် လျင်မြန်စွာ များပြားလာတာ၊ ဥပဒေဟာကွက်ကို အသုံးပြုပြီး အပန်းဖြေဖို့ သုံးစွဲနေကြတာတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိ ၂၀၂၆ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အထိ အကျုံးဝင်တဲ့ ဆေးခြောက်ရောင်းချခွင့် လိုင်စင်ပေါင်း ၁၂,၀၀၀ ခန့် ခွင့်ပြုထားပြီး အဲဒီထဲက ထက်ဝက်နီးပါးဟာ အခုနှစ်အတွင်းမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
| 18 | 0 | 0 | 0 |


