ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ ပြောင်းလဲခြင်းမရှိသည့် အစိုးရထီဆုကြေးငွေများကို ပထမဆုလျှင် ဘတ် ၁၀ သန်းအထိလည်းကောင်း၊ အောက်နှစ်လုံးဆုကို ဘတ် ၅,၀၀၀ အထိလည်းကောင်း တိုးမြှင့် ပေးရန် ထိုင်းလွှတ်တော် စားသုံးသူကာကွယ်ရေးကော်မတီက အဆိုပြုလိုက်ကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားသည်။ယမန်နေ့က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးအပြီးတွင် ရူအမ်ဂျိုင်ထိုင်းပါတီ (Ruamjai Thai Party) မှ လွှတ်တော်အမတ်နှင့် စားသုံးသူကာကွယ်ရေးကော်မတီ၏ လေးဦးမြောက် ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘွန်ရုဝီ ယွမ်ဂျင်ဒါ က အစိုးရထီဆုကြေးများ တိုးမြှင့်ရေးအဆိုပြုချက်ကို လာမည့် မေ ၂၁ ရက်တွင် ပြုလုပ်မည့် ကော်မတီအစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။လက်ရှိတွင် အဆိုပါ ဆုကြေးငွေတိုးမြှင့်ရေး ကိစ္စရပ်မှာ လွှတ်တော်ကော်မတီ၏ ကနဦး အဆိုပြုချက် အဆင့်သာ ရှိသေးပြီး မေ ၂၁ ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ ထီရုံးတာဝန် ရှိသူများနှင့် ဆွေးနွေးကာ အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကို ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
May 17 • 1:36 AM
Thailand
Local News
Share
| 30 | 0 | 0 | 0 |


