ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ လမ်းမပေါ်မှာ ဘဲကျောင်းရင်းကောက်ရတဲ့ ငွေကျပ် သိန်း ၁၂၀ ကို ဘဲမွေးမြူရေးခြံပိုင်ရှင်နဲ့ဝန်ထမ်းတွေက ပိုင်ရှင်ကိုပြန်ပေးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။"လမ်းမပေါ်မှာ ပလက်စတစ်အိတ်အထုပ်လိုက်ကျနေတော့ အမှိုက်အိတ်ထင်ပြီး ဆိုင်ကယ်တွေဝင်တိုက်ရင် မှောက်မှာစိုးလို့ ကျွန်တော်ဝန်ထမ်းကောင်လေးကို တုတ်နဲ့လှမ်းတွန်းခိုင်းလိုက်တော့ ပိုက်ဆံတွေထွက်လာတာ"လို့ ကိုကျော်ကြီးဘဲမွေးမြူရေးက ကိုကျော်ဇောက ပြောပါတယ်။ငွေထုပ်ပိုင်ရှင်ကို ပြန်ပေးချိန်မှာ ကိုကျော်ဇောက မှတ်တမ်းအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ပိုင်ရှင်လယ်သမားတစ်ဦးက ဘဲခြံဝန်ထမ်းကောင်လေးကို ဖက်ငိုနေတုန်းပဲ ဖြစ်ပါတယ်။
ရန်ကုန်၌ ဘဲကျောင်းရင်း သိန်း ၁၂၀ ကောက်ရသူတွေ ပိုင်ရှင်ကိုပြန်ပေးခဲ့
May 17 • 1:33 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


