back

ပြည်တွင်း‌၌ မြေဩဇာရည်ညွှန်းဈေး ယခင်လထက် မြင့်တက်လာ

May 17 • 1:15 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း‌၌ မြေဩဇာရည်ညွှန်းဈေး ယခင်လထက် မြင့်တက်လာ

အခုမေလမှာ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ရဲ့ ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးဟာ အရင်လနဲ့ နှိုင်းယှဉ်ရင် ကျပ် ၆သောင်းကျော်အထိ မြင့်လာတာကို တွေ့ရပါတယ်။...

အခုမေလမှာ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ရဲ့ ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးဟာ အရင်လနဲ့ နှိုင်းယှဉ်ရင် ကျပ် ၆သောင်းကျော်အထိ မြင့်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက အခုမေလအတွက် ရန်ကုန်အထိုင် လက်ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်ခဲ့ရာ ပြီးခဲ့တဲ့ဧပြီလထုတ်ပြန်ချက်နဲ့နှိုင်းယှဉ်ရင် ယူရီးယား မြေဩဇာ(အလုံးကြီး)၅၀ ကီလိုတစ်အိတ်ရဲ့ ရည်ညွှန်းဈေးဟာ ကျပ် ၆၃,၀၀၀ အထိမြင့်တက်လာတာပါ။အခုထုတ်ပြန်လိုက်တဲ့ ဈေးနှုန်းတွေဟာ ရန်ကုန်အထိုင် လက်ကားဈေးနှုန်း လက်ငင်းငွေချေစနစ် ဈေးတွေဖြစ်ပြီး အဲဒီဈေးနှုန်းတွေဟာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်တွေအပေါ်မူတည်ကာ ဈေးနှုန်းကွာခြားနိုင်တယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

news-view-count-icon

36