မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ထိုက်အန်းမြို့ မသန်စွမ်းသူများ ပြန်လည်သန်စွမ်းရေးစင်တာသည် လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် ဆောင်ရွက်ကာ အသက်အရွယ်မတူသော မသန်စွမ်းသူများ၏ လိုအပ်ချက်ကိုဦးတည်၍ မသန်စွမ်းသူများအတွက် တစ်သက်တာ ဝန်ဆောင်မှုစနစ်ကို တည်ဆောက်လျက်ရှိသည်။ စင်တာတွင် မသန်စွမ်းသူများအတွက် အသက် ၀ နှစ် - ၆ နှစ် တိကျသောပြန်လည်သန်စွမ်းရေး၊ ၆ နှစ်-၁၆ နှစ် ပြန်လည်သန်စွမ်းရေးနှင့်ပညာရေးပေါင်းစည်းမှု၊ ၁၆ နှစ် - ၅၉ နှစ် အလုပ်အကိုင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် စောင့်ရှောက်ရေးဝန်ဆောင်မှုများ ပေးအပ်ကာ မသန်စွမ်းသူများ၏ “အရေးတကြီး၊ ခက်ခဲသော၊ စိုးရိမ်မျှော်လင့်သော” ပြဿနာများကို ဖြေရှင်းပေးပြီး ဝန်ဆောင်မှုစနစ်အဆင့်မြှင့်တင်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။



