back

ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်း သတ်မှတ်ဖွင့်လှစ်

May 16 • 1:24 PM

breaking-news

Myanmar

Magway

cover

ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်း သတ်မှတ်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး အာမခံဈေးနှုန်းများ သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လာမည့...

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး အာမခံဈေးနှုန်းများ သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လာမည့် သီးနှံပေါ်ရာသီတွင် ပစ္စည်းအရည်အသွေးပေါ်မူတည်၍ မြေပဲအတောင့် တစ်တင်းလျှင် ကျပ် (၄၀,၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၁၃၀,၀၀၀) မှ (၁၅၀,၀၀၀) အထိနှင့် နှမ်းညို တစ်တင်းလျှင် ကျပ် (၁၀၀,၀၀၀) မှ (၁၂၀,၀၀၀) အထိ သတ်မှတ်ထားသည်။မကွေးတိုင်းဒေသကြီးတွင် သီးနှံစုံစိုက်ဧက (၆၄) သိန်းကျော်ရှိပြီး ယင်းအနက် ဆီထွက်သီးနှံစိုက်ဧက (၂၇) သိန်းကျော်ရှိကာ စုစုပေါင်းစိုက်ဧက၏ (၄၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု လုံလောက်မှုမရှိသေးသဖြင့် စားအုန်းဆီများကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သည်။ 





news-view-count-icon

27