မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာ၊ ထန်းတောပိုင်းတွင် ရိုက်နှက်ခံရကာ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ဒေသအခေါ် လဒဆိုသူဖြစ်ပြီး မေလ ၁၅ ရက်နေ့ ညပိုင်းက စိတ်ကျန်းမာရေးချို့တဲ့သူ ကိုအောင်ကြည်သန်းနှင့် အတူအရက်သောက်ပြီး ရိုက်နှက်ခံရကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူ၏ ရုပ်အလောင်းကို ဘုရားငုတ်တိုဘက်သို့ ဆွဲသွားပြီး ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



