ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) အနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသူများအတွက် တိုက်ခန်းပေါင်း ၈,၀၀၀ ကျော်ဝယ်ယူရန် အိမ်ရာချေးငွေ ကျပ် ၉၀ ဘီလီယံနီးပါး ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ဘဏ်၏ ဌာနကြီးမှူး ဦးလှမျိုးတင့်က ပြောကြားခဲ့ပါသည်။ မေလ ၁၅ ရက်က ကျင်းပသည့် MCEF ပုလဲရတုပြပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အိမ်ရာဝယ်ယူလိုသူများအနေဖြင့် ဘဏ်တွင် ငွေစုဆောင်းမှု ကျပ်သိန်း ၃၀ ပြည့်ပါက နှစ်ရှည်အိမ်ရာချေးငွေဖြင့် တိုက်ခန်းများဝယ်ယူခွင့်ရရှိမည်ဖြစ်ကာ၊ ရန်ကုန်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်-ကျောက်တန်းမြို့နယ်များရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အဓိကရောင်းချပေးနေကြောင်း သိရှိရပါသည်။
| 30 | 0 | 0 | 0 |


