မြစ်ကြီးနားမြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူသူ (၂) ဦးအား ဖမ်းဆီးအရေးယူ

May 15 • 4:55 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူသူ (၂) ဦးအား ဖမ်းဆီးအရေးယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရဲစခန်းပိုင်နယ်မြေအတွင်း မြို့ခံပြည်သူများ၏ နေအိမ်ဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူသူ (၂)ဦးအား ပလနနယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆော...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရဲစခန်းပိုင်နယ်မြေအတွင်း မြို့ခံပြည်သူများ၏ နေအိမ်ဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူသူ (၂)ဦးအား ပလနနယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း တာဝန်ရှိသူထံမှ သိရသည်။ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနေသူ ဇော်နောင်အောင်ဆိုသူကအား စစ်ဆေးမေးမြန်းရာ နေအိမ်ဖောက်ထွင်း၍ ဆိုင်ကယ်တစ်စီး ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာနေသူ ချစ်ကိုကိုအား စစ်ဆေးမေးမြန်းရာ ၂၀၂၆ ခုနှစ်အတွင်း ဆိုင်ကယ် (၆)စီး ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့၍ ၎င်းခိုးယူရောင်းချခဲ့သည့် ဆိုင်ကယ်များကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။အဆိုပါ ပြစ်မှုကျူးလွန်သူနှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ (၃၈၀) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။




news-view-count-icon

19