back

အမေရိကန်-တရုတ် ဆက်ဆံရေးကို ဂျပန် စောင့်ကြည့်

May 15 • 4:45 PM

breaking-news

Japan

Local News

cover

အမေရိကန်-တရုတ် ဆက်ဆံရေးကို ဂျပန် စောင့်ကြည့်

အမေရိကန်-တရုတ် ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကီဟာရာက ပြောပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးကို ဂျပန်နိုင်...

အမေရိကန်-တရုတ် ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကီဟာရာက ပြောပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးကို ဂျပန်နိုင်ငံက အလေးပေး စောင့်ကြည့်နေပြီး သူတို့ရဲ့ ဆက်ဆံရေးက နိုင်ငံတကာအသိုက်အဝန်းအတွက် တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ သတင်းထောက် တွေကို ပြောခဲ့တာပါ။ ဂျပန်ဝန်ကြီးအဖွဲ့ အကြီးအကဲ ကီဟာရာက “အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ ဂျပန်အပါအဝင် တကမ္ဘာလုံးရဲ့ တည်ငြိမ်မှုနဲ့ ဆက်စပ်နေတာကြောင့် ဂျပန်နိုင်ငံက အလေးနက်ထား စောင့်ကြည့် နေပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားက သဘောတူညီမှု သတင်းတွေကို ကျနော်တို့ စုစည်းဖို့ ကြံရွယ်ထားပါတယ်” လို့ ပြောပါတယ်။



news-view-count-icon

0