ရန်ကုန်-ထားဝယ် အိမ်စီးကားခများ ဈေးပြန်ကျ

May 15 • 2:21 PM

breaking-news

Myanmar

Tanintharyi

cover

ရန်ကုန်-ထားဝယ် အိမ်စီးကားခများ ဈေးပြန်ကျ

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ်သုံးသိန်းအထိ မြင့်တက်ခဲ့သည့် လေးယောက်စီး အိမ်စီးကားခများမှာ မေလ ပထမပတ်ကစပြီး ကျပ် နှစ်သိန်းအထိ ဈေးပြန်ကျလာကြ...

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ်သုံးသိန်းအထိ မြင့်တက်ခဲ့သည့် လေးယောက်စီး အိမ်စီးကားခများမှာ မေလ ပထမပတ်ကစပြီး ကျပ် နှစ်သိန်းအထိ ဈေးပြန်ကျလာကြောင်း ခရီးသည်နှင့် အိမ်စီးကား ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ပြီးခဲ့သည့် မတ်လနှောင်းပိုင်းမှစ၍ ရန်ကုန်-ထားဝယ် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ တစ်သိန်းငါးသောင်းကျပ်မှ ကျပ်သုံးသိန်းအထိ မြင့်တက်သွားခဲ့ပြီးနောက် ယခု စက်သုံးဆီဈေး ပြန်ကျလာသည့် မေလ ပထမပတ်အတွင်းမှစ၍ ကျပ် နှစ်သိန်းဝန်းကျင်အထိ ဈေးပြန်ကျလာကြောင်း ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ထားဝယ်မြို့ ပြင်ပဈေးကွက်တွင် မတ်လ ဒုတိယပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် တစ်သောင်းခွဲနီးပါးအထိ ဈေးမြင့်တက်ခဲ့ပြီး ယခု မေလ ဒုတိယပတ်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ငါးထောင်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ခြောက်ထောင်ခန့် ဈေးပြန်ကျသွားခဲ့သည်။

 



news-view-count-icon

10