back

H&M အမှတ်တံဆိပ် အထည်ချုပ်သည့် Kings Rich စက်ရုံ ပိတ်သိမ်းမည်

May 15 • 2:20 PM

breaking-news

Myanmar

Yangon

cover

H&M အမှတ်တံဆိပ် အထည်ချုပ်သည့် Kings Rich စက်ရုံ ပိတ်သိမ်းမည်

ကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ ပြင်ပစျေးကွက်ပြောင်းလဲမှု ဖြစ်စဥ်တွေကို စိစစ်သုံးသပ်ပြီး ထုတ်ကုန်ထုတ်လုပ်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ Kings Rich စက်ရုံလု...

ကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ ပြင်ပစျေးကွက်ပြောင်းလဲမှု ဖြစ်စဥ်တွေကို စိစစ်သုံးသပ်ပြီး ထုတ်ကုန်ထုတ်လုပ်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ Kings Rich စက်ရုံလုပ်ငန်းရှင်ရဲ့ အလုပ်သမားတွေကို အသိပေးထားတဲ့ နို့တစ်မှာ ဖော်ပြပါတယ်။ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Kings Rich စက်ရုံမှာ အလုပ်သမားထောင်ချီနဲ့ လည်ပတ်နေတာဖြစ်ပြီး ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M ထုတ်ကုန်အထည်ကို အော်ဒါယူချုပ်နေတာ ဖြစ်ပါတယ်။H&M က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းအပ်နှံထုတ်လုပ်တာ ရပ်မယ်ဆိုပြီး ကြေညာထားတဲ့ ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ် ဖြစ်ပါတယ်။H&M ရဲ့ စံနှုန်းးနဲ့ ကိုက်ညီအောင် ထုတ်လုပ်ဖို့ စိန်ခေါ်မှုကြီးမားနေတာကြောင့် အလုပ်သမားအခွင့်အရေးကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ သူတို့ရဲ့ထုတ်ကုန် အပ်နှံ ထုတ်လုပ်တာ ဖြည်းဖြည်းချင်း လျှော့ချကာ ရပ်နားဖို့ အသေချာစဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အဲဒီလိုကြေညာပြီး ၃ နှစ်အကြာမှာ H&M ဆီက အော်ဒါထပ်မရတော့တဲ့ Kings Rich အထည်ချုပ်စက်ရုံလည်း ပိတ်သိမ်းဖို့ဖြစ်လာခဲ့ပြီး နောက်ထပ်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြည်တွင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်Kings Rich အထည်ချုပ်စက်ရုံအနေနဲ့ ပိတ်သိမ်းမှာကို တလကြိုအသိပေးထားတာဖြစ်ပြီး ဥပဒေပါ လုပ်သက်အလိုက် နစ်နာကြေး ပေးသွားမယ်လို့ အသိပေးထားပါတယ်။



news-view-count-icon

21