ရန်ကုန်မြို့ရှိ KTV၊ စားသောက်ဆိုင်နှင့် Bar များတွင် သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တီးဝိုင်းများ ထည့်သွင်းခြင်း ခွင့် မပြုကြောင်း သိရ

May 15 • 12:37 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ရှိ KTV၊ စားသောက်ဆိုင်နှင့် Bar များတွင် သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တီးဝိုင်းများ ထည့်သွင်းခြင်း ခွင့် မပြုကြောင်း သိရ

မေ ၁၃ ရက်မှစတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ များ ဖြစ်သည့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ အစရှိသည့် ပူးပေါင...

မေ ၁၃ ရက်မှစတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ များ ဖြစ်သည့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ အစရှိသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးကာ သတ်မှတ်ချက်နှင့်မကိုက်ညီပါက တီးဝိုင်းထည့်သွင်းဖျော်ဖြေခြင်း ခွင့်မပြုကြောင်း သိရသည်။အလားတူ ရန်ကုန်မြို့ရှိ တီးဝိုင်းအချို့ကလည်း ဖျော်ဖြေမှုများ ရပ်နားထားသည်ဟု လူမှုကွန်ရက်တွင် ကြေငြာထားသည်ကို တွေ့ရသည်။ရန်ကုန်မြို့ရှိ Bar အချို့နှင့် စားသောက်ဆိုင်အချို့ကလည်း လတ်တလောတွင် ဆိုင်ကိုဖွင့်လှစ်ထားပြီး တီးဝိုင်းဖြင့်ဖျော်ဖြေခြင်းများကို ခေတ္တရပ်နားထားသည်ဟု သိရသည်။ရန်ကုန်မြို့ရှိ Bar များ၊ KTV များ၊ စားသောက်ဆိုင်များတွင် တီးဝိုင်းများ ထည့်သွင်းပါက သတ်မှတ်စည်းကမ်းချက်နှင့်အညီ လျှောက်ထားရပြီး ည ၁၀ နာရီနောက်ပိုင်း ဖျော်​​ဖြေခွင့်မရှိကြောင်း သိရသည်။





news-view-count-icon

30