ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မေလ ၁၃ ရက် မွန်းလွဲပိုင်းက "ခေမာရဋ်" ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်မှာ ဈေးမှအိမ်သို့အပြန် အိမ်ရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ရွှေ ၃ ပိဿာခန့်နှင့် ကားကို လုယက်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ စစ်ကောင်စီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်ရှိသဖြင့် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ မြို့လယ်ခေါင်တွင် ယခုကဲ့သို့ နေ့ခင်းကြောင်တောင် လူသတ်လုယက်မှု ဖြစ်ပွားခဲ့ခြင်းမှာ ဒေသခံများအတွက် လုံခြုံရေးအရ များစွာစိုးရိမ်ပူပန်စရာ ဖြစ်နေပါသည်။ လက်ရှိတွင် လုယက်ယူဆောင်သွားသည့် ကားကို မြို့ပြင်၌ ပြန်လည်တွေ့ရှိရသော်လည်း ပြစ်မှုကျူးလွန်သူများကိုမူ ယနေ့ (မေလ ၁၅ ရက်) အထိ ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်မှုများ ရှိနေကြောင်း သိရှိရပါသည်။
May 15 • 4:59 AM
Myanmar
Shan
Share
| 24 | 0 | 0 | 0 |


