ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄၉ ဦးမှာ လုပ်ငန်းခွင်နေရာပြောင်းရွှေ့ရန် ငြင်းဆိုခဲ့ခြင်းကြောင့် အလုပ်ထုတ်ခံခဲ့ရသည့်အပြင်၊ လုပ်အားခ ၁၀ ရက်စာနှင့် ပတ်စပို့အပါအဝင် အထောက်အထားစာရွက်စာတမ်းများကိုပါ အလုပ်ရှင်ဖြစ်သူက သိမ်းဆည်းထားသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ အလုပ်သမားများသည် ၎င်းတို့၏ လုပ်အားခနှင့် အထောက်အထားများ ပြန်လည်ရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံထားပြီး အဆိုပါအဖွဲ့က မေလ ၁၃ ရက်နေ့တွင် အမှုကိုလက်ခံကာ ကူညီဖြေရှင်းပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မြန်မာအလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံရပြီး အထောက်အထားများ သိမ်းဆည်းခံထားရ
May 15 • 4:55 AM
Thailand
Local News
Share
| 47 | 0 | 0 | 0 |


