back

အမေရိကန် ပိတ်ဆို့မှုကြောင့် ကျူးဘားတွင် လောင်စာဆီ လက်ကျန်ပြတ်

May 15 • 4:52 AM

breaking-news

Myanmar

International

cover

အမေရိကန် ပိတ်ဆို့မှုကြောင့် ကျူးဘားတွင် လောင်စာဆီ လက်ကျန်ပြတ်

အမေရိကန်နိုင်ငံ၏ ရေနံနှင့် လောင်စာဆီတင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် ကျူးဘားနိုင်ငံတွင် လောင်စာဆီ လုံးဝပြတ်လပ်သွားပြီး လျှပ်စစ်ဓာတ်အားပေးနိုင်စွမ်း ဆိုးရွားစွ...

အမေရိကန်နိုင်ငံ၏ ရေနံနှင့် လောင်စာဆီတင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် ကျူးဘားနိုင်ငံတွင် လောင်စာဆီ လုံးဝပြတ်လပ်သွားပြီး လျှပ်စစ်ဓာတ်အားပေးနိုင်စွမ်း ဆိုးရွားစွာ ထိခိုက်နေကြောင်း ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့်တီဒီလာအိုက မေလ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံရေးပဋိပက္ခများကြောင့် အမေရိကန်၏ ပိတ်ဆို့မှုသည် ၄ လကြာမြင့်လာပြီဖြစ်ရာ မြို့တော်ဟာဗားနားတွင် တစ်ရက်လျှင် နာရီ ၂၀ ကျော်အထိ မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။ ကျူးဘားသည် လျှပ်စစ်ထုတ်လုပ်ရန် ပြည်တွင်းဖြစ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို အသုံးပြုသော်လည်း လောင်စာဆီတင်သွင်းခွင့် ပိတ်ဆို့ခံရမှုက စွမ်းအင်ကဏ္ဍကို အလုံးစုံပြတ်တောက်လုနီးပါး ဖြစ်စေခဲ့သည်။ လက်ရှိတွင် အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေခြင်းက ကျူးဘား၏ စွမ်းအင်အခက်အခဲကို ပိုမိုဆိုးရွားစေကာ နိုင်ငံအတွင်း အမှောင်ကျသည့်ကာလ ပိုမိုရှည်ကြာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

news-view-count-icon

21