တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ ရေငန်ထွက်ကုန်တွေကို ပြည်ပကိုတင်ပို့ရာမှာ ကုန်ကျစရိတ်များတာ ကြောင့် အမြတ်နည်းတယ်လို့ ငါးလုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေကြပါတယ်။ မြိတ်ကျွန်းစု မွေးမြူရေးကန်တွေက ထွက်ရှိတဲ့ ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ပနားမီး ပုစွန်ဖြူတွေကို အရှင်တင်ပို့ မယ်ဆိုရင် အဆင်ပြေတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ရေထွက်ကုန်တွေကို ကုန်ချောအဖြစ် တိုးမြှင့်ထုတ်လုပ်တာနဲ့ အရှင်တင်ပို့နိုင်မယ်ဆိုရင် အခုထက်ပိုပြီး ရေထွက် ကုန် မွေးမြူထုတ်လုပ်မှု တိုးတက်လာမဲ့အပြင် ရေထွက်ကုန် အရှင်တင်ပို့တဲ့ ဈေးကွက်သစ်တစ်ခု ရရှိကာ နိုင်ငံ ခြားငွေ တိုးတက်လာမှာ ဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ရှိသူတစ်ယောက် က ပြောကြားထားပါတယ်။လက်ရှိမှာ တနင်္သာရီတိုင်းဒေသကြီးက ထွက်ရှိတဲ့ ငါး၊ ပုစွန်နဲ့ ဂျင်းခရု အရှင်တွေကို မြိတ်ကနေ ထိုင်းကို တင်ပို့ပြီး အဲဒီကတစ်ဆင့် တရုတ်နိုင်ငံကို လေကြောင်းနဲ့ ဆက်လက်တင်ပို့နေတယ်လို့ ပို့ကုန်လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။
May 15 • 4:33 AM
Myanmar
Tanintharyi
Share
| 21 | 0 | 0 | 0 |


