back

ပြည်တွင်းစက်သုံးဆီဈေး ယခင်လထက် တဖြည်းဖြည်းကျဆင်းလာ  

May 15 • 3:37 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းစက်သုံးဆီဈေး ယခင်လထက် တဖြည်းဖြည်းကျဆင်းလာ  

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင...

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးကွက်အတွင်းမှ သိရသည်။စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (မေလ ၁၅ ရက်) အတွက် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် -

92 Ron: ၄,၅၆၅ ကျပ်

95 Ron: ၄,၆၄၅ ကျပ်

ဒီဇယ် (HSD 500 ppm): ၄,၈၂၀ ကျပ်

ဒီဇယ် (HSD 50 ppm/10 ppm): ၅,၈၁၅ ကျပ် အသီးသီး ဖြစ်သည်။ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ကာ စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး၊ ယခုတစ်ပတ်အတွင်းတွင်လည်း ဆက်လက်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

29