ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏ မွေးနေ့အခါသမယတွင် ဂုဏ်ပြုဆုတောင်းလွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။မေလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘောဒီးယားဘုရင်၏ မွေးနေ့အတွက် ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် ဘုရင်ကြီး ကျန်းမာရွှင်လန်းစေရန်နှင့် လက်ရှိခံစားနေရသော ကျန်းမာရေးဝေဒနာများမှ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ထိုင်းဘုရင်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်။လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စတင်းမားနေသော်လည်း ဤသို့ အိမ်နီးချင်းနှစ်နိုင်ငံ ဘုရင်များအကြား ဆုတောင်းလွှာပေးပို့ခြင်းသည် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရေးနှင့် တော်ဝင်မိသားစုများအကြား ရင်းနှီးမှုကို ထင်ဟပ်စေပါသည်။
ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက် မွေးနေ့ဆုတောင်း
May 15 • 3:08 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


