back

ပြည်တွင်း၌ ငါးဖမ်းရာသီပိတ်ချိန် စျေးကွက်ထဲ အေးခဲငါး ဝယ်လိုအားရှိလာ

May 15 • 2:53 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ငါးဖမ်းရာသီပိတ်ချိန် စျေးကွက်ထဲ အေးခဲငါး ဝယ်လိုအားရှိလာ

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့်ကို ငါးသယံဇာတ ထိန်းသိမ်းသည့်အနေဖြင့် မိုးရာသီကာလ သုံးလ ကြာပိတ်သိမ်းထားချိန်တွင် ပြည်တွင်း ပင်လယ်စာဈေးကွက်၌ လတ်ဆတ်သော ငါးအဝင် သိ...

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့်ကို ငါးသယံဇာတ ထိန်းသိမ်းသည့်အနေဖြင့် မိုးရာသီကာလ သုံးလ ကြာပိတ်သိမ်းထားချိန်တွင် ပြည်တွင်း ပင်လယ်စာဈေးကွက်၌ လတ်ဆတ်သော ငါးအဝင် သိသိသာသာလျော့ နည်းသွားခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း အေးခဲငါးများ ဝယ်လိုအား သိသိသာသာ မြင့်တက်လာကြောင်း ငါးဝယ် ရောင်းလုပ်ကိုင်သူတစ်ဦး ကဆိုသည်။ နှစ်စဉ် မိုးရာသီ ငါးသားပေါက်ချိန်များတွင် ငါးသယံဇာတ မပြုန်းတီးစေရန် ပင်လယ်ငါးဖမ်းဆီးခွင့်ကို ကန့်သတ်ထားလေ့ရှိခြင်းကြောင့် လက်ရှိငါးဈေးကွက်အတွင်း ငါးမြစ်ချင်း၊ ငါးတန်နှင့် ကန်စွန်းငါး ကဲ့သို့သော မွေးမြူရေးငါးများ အပြင်၊ အအေးခန်းများတွင် စနစ်တကျ သိုလှောင်ထားသည့် အေးခဲပင်လယ်ငါးများမှာ ဝယ်လိုအား အဆမတန် မြင့်တက်နေသလို အထူးသဖြင့် အသားလွှာပြီးသား ငါးအသားတုံးများ၊ ပုစွန်အေးခဲများ နှင့် ပြည်ကြီးငါးများမှာ ဈေးကွက်အတွင်း လူကြိုက်အများဆုံးဖြစ်နေခြင်းဖြစ်သည်။

news-view-count-icon

86