နေပြည်တော်တွင် မိုးများရက်ဆက်ရွာနေသည့်အတွက် တွင်းအောင်းဖားတစ်မျိုးဖြစ်သည့်အချို့က သဲဖားဟု ခေါ်ပြီးဒေသအခေါ် ဖားအိုင်များ ထွက်လာချိန်ကောက်၍ရောင်းကြရာ ပေါ်ဦးပေါ်ဖျားဖြစ် သည့်အတွက် ဈေးကောင်းရနေကြောင်း သိရသည်။"သူကမိုးများများစရွာရင်အောင်းတဲ့နေရာကစထွက်လာတာ။ သူကအခြားဖားတွေလိုမြေပေါ်မနေဘူး မြေကြီးထဲအောင်းနေတာ။ မိုးအစမိုးသံကြားရင်ထွက်လာတာထွက်တဲ့အချိန်ကောက်ရောင်းတာ ပြောရရင်ပေါ်ဦး ပေါ်ဖျားဆိုတော့ဈေးကောင်းရတယ်"ဟုဖားကောက်ရောင်းသူတစ်ဦးမှပြောသည်။ယခုအချိန်တွင်ဖားအိုင်တစ်ပိဿာလျှင် (၅၀,၀၀၀)ဈေးရှိကြောင်းသိရသည်။ ၎င်းဖားများကို ယမကာ ဆိုင်၊ထန်းရည်ဆိုင်မှအများဆုံး ဝယ်ယူ၍ ကြော်ကာ ရောင်းချကြကြောင်းသိရသည်။
| 56 | 0 | 0 | 0 |


