အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို မေလ(၁၄)ရက်ထုတ်နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်လိုက်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ဖို့အတွက် တစ်စုံတစ်ယောက်ကိုအကြမ်းဖက်၊ညှင်းပန်းနှိပ်စက်၊မတရားဖမ်းဆီးချုပ်နှောင်၊ရက်စက်ကြမ်းကြုတ်စွာပြုမှုပါက အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်ကနေ သေဒဏ်အထိပါပါဝင်လာတယ်လို့ သိရပါတယ်။တားမြစ်ချက်တွေမှာ အွန်လိုင်းကနေ မမှန်ကန်တဲ့အချက်အလက်တွေကိုဖြန့်ဝေပေးပို့တာ၊ ကိုယ်ရေးအချက်အလက်တွေ၊ဓာတ်ပုံတွေကိုယူပြီး ငွေကြေးလိမ်လည်တာ၊ပစ္စည်းတောင်းတာ။ဘဏ်ဝန်ထမ်း၊အော်ပရေတာဝန်ထမ်းဟန်ဆောင်ပြီးလိမ်တာ၊ခိုးတာ။ဖုန်းဆင်းကတ်ကိုအသုံးပြုပြီးဘဏ်ငွေစာရင်းရအောင် ဆောင်ရွက်တာ၊အချက်အလက်မမှန်ကန်တဲ့ဘဏ်ငွေစာရင်းအမှတ်တွေကိုရောင်းဝယ်ခြင်းမပြုရစတာတွေပါဝင်ပါတယ်။အွန်လိုင်းလိမ်လည်ဖို့ခိုင်းစေခြင်းနှိပ်စက် ဖမ်းဆီးချုပ်နှောင်တာတွေမပြုလုပ်ဖို့ပါတားမြစ်ထားပြီး ပြစ်မှုအပေါ်မူတည်ပြီးထောင်ဒဏ်၊ငွေဒဏ်တွေကို သတ်မှတ်ပြဌာန်းလိုက်တယ်လို့ သိရပါတယ်။
May 14 • 5:05 AM
Myanmar
Local
Share
| 109 | 0 | 0 | 0 |

ဗီယက်နမ်မြောက်ပိုင်းတွင် ကျောင်းသားများ ကျောင်းတက်ရန် အန္တရာယ်များသော ဝါးဖောင်များကို အသုံးပြုနေရသဖြင့် အာဏာပိုင်များ ဘေးကင်းသော လမ်းကူးတံတားအတွက် ရန်ပုံငွေရှာဖွေနေ
ဂျပန်နိုင်ငံတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် အမှိုက်အိတ်များ ပြတ်လပ်မှုဖြစ်ပေါ်ပြီး အချို့ဒေသများတွင် သာမန်ပလတ်စတစ်အိတ်များ အသုံးပြုခွင့်ပြု

