မန္တလေးမြို့ ဆေးဝါးဈေးကွက်အတွင်း နှလုံး နဲ့ သွေးတိုးရောဂါသုံး ဆေးဝါးတချို့ အပါအဝင် အခြေခံ ဆေးဝါးတွေ ပြတ်လပ်မှု မရှိပေမဲ့ ဆေးဝါးအဝင် ကြန့်ကြာမှုတွေတော့ ရှိတယ်လို့ မန္တလေးမြို့ ဆေးဝါးရောင်းချသူတချို့က ပြော ပါတယ်။အရင်က ပြည်ပနိုင်ငံတွေကနေ တင်သွင်းတဲ့ ဆေးဝါးတွေဟာ နှစ်ပတ်ကို တစ်ကြိမ် ပုံမှန်ဝင်ရောက်လေ့ ရှိပေမဲ့ လက်ရှိ ကာလမှာ သယ်ယူ ပို့ဆောင်ရေးနဲ့ တင်သွင်းမှု လုပ်ငန်းစဉ်တွေကြောင့် ကုန်အဝင် သုံးပတ်ကနေ လေးပတ် လောက်အထိ ကြန့်ကြာမှု ရှိနေတာလို့ ဆိုပါတယ်။ဆေးဝါးဈေးကွက်ထဲမှာတော့ ဆေးဝါးတွေ ပြတ်လပ်တာ မရှိပေမဲ့ ဆေးဝါးအဝင် နောက်ကျမှုတွေ ရှိတဲ့အတွက် ဆေးဆိုင်တချို့ ဆေးဝါးပစ္စည်း ပြတ်လပ်တာမျိုးတော့ ရှိတယ်လို့ မန္တလေးမြို့ရှိ ဆေးဝါးတင်သွင်း ဖြန့်ချိနေသူ တစ် ယောက်က ပြောပါတယ်။
| 28 | 0 | 0 | 0 |


