အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာချန်ပီယံဆု ထပ်မံဆွတ်ခူးပြီး ပြည်တွင်းဖလားနှစ်လုံး ပိုင်ဆိုင်ခဲ့ပါတယ်။ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းက လာဇီယိုကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။အင်တာရဲ့ဂိုးတွေကို ၁၄ မိနစ်မှာ လာဇီယိုကစားသမား မာရူရှစ် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး ၃၅ မိနစ်မှာ လော်တာရိုမာတီနက်ဇ်က ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။၂၀၁၀ ပြည့်နှစ်မှာ အင်တာအသင်း ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက် ပြည်တွင်းဖလားနှစ်လုံးကို ၁၆ နှစ်ကြာမှ တစ်ပြိုင်နက်ပြန်လည်ဆွတ်ခူးခဲ့တာပါ။အင်တာအသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲသမိုင်းမှာချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ရရှိခဲ့ပါတယ်။
May 14 • 2:30 AM
Myanmar
International
Share
| 34 | 0 | 0 | 0 |


