ထိုင်းနိုင်ငံ၊ ရနောင်းမှ မြန်မာလုပ်သား ၉၀ ဦးကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ပို့ဆောင်

May 14 • 2:30 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ရနောင်းမှ မြန်မာလုပ်သား ၉၀ ဦးကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနဟာ ၎င်းတို့ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၀ ဦးကို ယမန်နေ့ မေလ ၁၃ ရက်နေ့မှာ နယ်စပ်လမ်းကြောင်းမှ ပြန်လည်လွှ...

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနဟာ ၎င်းတို့ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၀ ဦးကို ယမန်နေ့ မေလ ၁၃ ရက်နေ့မှာ နယ်စပ်လမ်းကြောင်းမှ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ လဝက က ထုတ်ပြန်ထားပါတယ်။အဆိုပါ မြန်မာလုပ်သားတွေကို ရနောင်း-ကော့သောင်း ရေလမ်းခရီးစဉ်အတိုင်း ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ပြန်လည်လွှဲပြောင်းလိုက်တဲ့ထဲမှာ မြန်မာအမျိုးသား ၆၅ ဦး ပါဝင်ပြီး ၎င်းတို့နဲ့အတူ မြန်မာအမျိုးသမီး ၂၅ ဦးလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ကလေးငယ် ၂ ဦးလည်း ပါဝင်ကြောင်း ၎င်းတို့ကို ရနောင်းမြို့ရှိ အကောက်ခွန်ဆိပ်ကမ်းမှာ စုရပ်ပြုလုပ်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

news-view-count-icon

7