back

ပြည်တွင်း၌ ကျောင်းဖွင့်ရာသီနီးလာချိန် စျေးကွက်ထဲ ကျောင်းသုံးဖတ်စာအုပ်အသစ်များ အဝယ်သွက်

May 14 • 2:27 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ကျောင်းဖွင့်ရာသီနီးလာချိန် စျေးကွက်ထဲ ကျောင်းသုံးဖတ်စာအုပ်အသစ်များ အဝယ်သွက်

မြန်မာနိုင်ငံတွင် လက်ရှိပညာသင်နှစ်အတွင်း အစိုးရကျောင်းများထက် ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိက ကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်သည့် ကျောင်းသားဦးရေ သိသိသာသာ ...

မြန်မာနိုင်ငံတွင် လက်ရှိပညာသင်နှစ်အတွင်း အစိုးရကျောင်းများထက် ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိက ကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်သည့် ကျောင်းသားဦးရေ သိသိသာသာ များပြားလာခြင်းကြောင့် ပညာ သင်နှစ်တစ်နှစ်ပြီးတိုင်း ဖတ်စာအုပ်ဟောင်းများကို လက်ဆင့်ကမ်းသုံးစွဲခြင်းမရှိဘဲ စာအုပ်အသစ်များကိုသာ အပြိုင်အဆိုင် ဝယ်ယူနေကြသဖြင့် ပြင်ပစာအုပ်ဈေးကွက်တွင် ဖတ်စာအုပ်သစ် ဝယ်လိုအား အဆမတန် မြင့် တက်လျက်ရှိကြောင်း သိရသည်။ယခု ကျောင်းသုံးဖတ်စာအုပ်ဈေးကွက်တွင် ဘာသာစုံ Kg အတန်းအတွက် တစ်သောင်း မှ တစ်သောင်း နှစ်ထောင်ကျပ်၊ G1 ၁၆,၀၀၀ ကျပ်၊ G2 ၁၆၅၀၀ ကျပ်၊ G3 ၁၆,၅၀၀ ကျပ်၊G4 ၁၉,၀၀၀ ကျပ်၊G6 ၂၁,၅၀၀ ကျပ်၊ G7 ၂၂,၅၀၀ ကျပ်၊ G8 ၂၅,၀၀၀ ကျပ်၊ G9 ၂၆,၀၀၀ ကျပ်၊ G10 ၄၀,၀၀၀ ကျပ်၊ G11 ၄၂,၀၀၀ ကျပ်၊ G12 ၄၃,၀၀၀ ကျပ် တို့ ရှိပြီး ထပ်ဆောင်းဘာသာများဖြစ်သည့် ကာယ၊ဂီတ၊ပန်းချီ၊ ဘဝတွက်တာ စာအုပ်များ မှာလည်း ၈,၅၀၀ ကျပ် မှ ၁၀,၀၀၀ ကျပ် ကြားရှိကြောင်း သိရသည်။

news-view-count-icon

77