back

တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် ထရမ့်၏ ဘေကျင်းခရီးစဉ်တွင် အီလွန်မတ်စ် ပါ လိုက်ပါလာ

May 14 • 1:57 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် ထရမ့်၏ ဘေကျင်းခရီးစဉ်တွင် အီလွန်မတ်စ် ပါ လိုက်ပါလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယမန်နေ့ မေလ ၁၃ ရက်၊ ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ ဘေကျင်း မြို့ တော်ဆီ သမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ ခရီးစဉ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယမန်နေ့ မေလ ၁၃ ရက်၊ ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ ဘေကျင်း မြို့ တော်ဆီ သမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ ခရီးစဉ်အတွင်း သမ္မတ ထရမ့်နဲ့အတူ ဘီလျံနာ သူဌေးကြီး အီလွန်မတ်စ် လိုက်ပါလာတာကို တွေ့ရ တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ခရီးစဉ် အရေးပါမှုကို ပြသတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကြိုဆိုရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ဖို့အတွက် တရုတ်ဒုတိယသမ္မတ ဟန်ကျန်းကို စေလွှတ်ခဲ့ပါတယ်။ ထရမ့်ဟာ မေလ ၁၃ ရက်နေ့မှာ ဘေဂျင်းကိုရောက်ရှိပြီး ၁၄ရက် နဲ့ ၁၅ ရက်တွေမှာတော့ ရှီနဲ့တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ပြီးတော့ ဒါဟာ ၂၀၁၇ နောက်ပိုင်း သူ့ရဲ့ပထမဆုံးအကြိမ် တရုတ်မြေမှာ ခြေချမှုအနေနဲ့လည်း မှတ်တမ်း ဝင်လာမှာလည်းဖြစ်ပါတယ်။

news-view-count-icon

19