TJ Denim Garment စက်ရုံက အိုတီ အောနိုက် ည ၁၂ ကျော် နေ့စဉ် လုပ်ကိုင်ခိုင်းပြီး မဆင်းတဲ့ အလုပ်သမားကို လုပ်ငန်းခွင် ခေါင်းဆောင် တွေက ဆဲဆိုတယ်လို ပြောပါတယ် ။ အချိန်ပိုလုပ်ကိုင်အပြိး နေအိမ်အပြန်မှာလည်း ဖယ်ရီ စီစဥ်မပေးလို့ စိုးရိမ်မှုတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့လယ် ၁၂ နာခွဲ အလုပ်ပြန်စပြီးကတည်း ညနေ ၆ နာရီခွဲမှာ ၁၅ မိနစ် နားခွင့်ရ အလုပ်ချိန် ၆ နာရီ တဆက်တည်း လုပ်ကိုင်ရတယ်လို့ သိရပါတယ်။ တချို့ စနေနေ့မှာ အောလင်းလုပ်ကိုင်ရပြီး ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ ဆင်းပေးရတယ်လို့ ပြောပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပို လုပ်ကိုင်ခိုင်းပြီး ဒီလို အချိန်ပိုတွေကို ဆန္ဒမပါဘဲ လုပ်ကိုင်နေရ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။လုပ်ငန်းခွင်အတွင်း အရေပြားယားယံတာ၊ သောက်ရေ အဆင်မပြေတာနဲ့ အပူဒဏ်အပြင်းအထန် ခံစားရပြီး ဥပဒေပါခွင့်ရက်တွေကိုလည်း ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။



