back

ကျိုင်းတုံ၌ ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

May 13 • 2:00 PM

breaking-news

Myanmar

Shan

cover

ကျိုင်းတုံ၌ ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့၊ နောင်ခိုက်ရပ်ကွက်၌ နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားသည် ဈေးမှအပြန် ၎င်း၏ နေအိမ်ရှေ့အရောက်တွင် သေနတ်ဖ...

ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့၊ နောင်ခိုက်ရပ်ကွက်၌ နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားသည် ဈေးမှအပြန် ၎င်း၏ နေအိမ်ရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ဒေသခံ၏ ပြောပြချက်အရ ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း ကျိုင်းတုံဈေးအပေါ်ဘက် ဟွေဟရွာဘက်၌ ဖုန်းနှင့် ငွေများ အလုခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့) က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သဖြင့် ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။လက်ရှိတွင် ကျိုင်းတုံမြို့၌ ခိုးယူမှု၊ လုယက်မှုများ ပိုမိုဖြစ်ပွားလာနေပြီး ယခုအခါ လူသတ်လုယက်သည့်အဆင့်အထိ အခြေအနေများ ဆိုးရွားလာနေပြီဖြစ်ကြောင်း ဒေသခံများက

ပြောပါသည်။




news-view-count-icon

47