back

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁ သန်းကျော်ဖိုး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်

May 13 • 7:33 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁ သန်းကျော်ဖိုး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။မေလအတွင်း ရက်အလိုက် စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှုအနေဖြင့် မေ ၄ ရက်တွင် ကျပ် ၈၅ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၇,၁၅၆၊ မေ ၅ ရက်တွင် ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၂၀၇၈ ၊ မေ ၆ ရက်တွင် ကျပ် ၆၅ သန်းကျော် တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၈,၆၄၇၊ မေ ၇ ရက်တွင် ကျပ် ၅၉ သန်းနီးပါးတန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၀,၇၇၂၊ မေ ၈ ရက်တွင် ကျပ် ၈၈ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၉,၀၅၅၊ မေ ၉ ရက်နှင့် ၁၀ ရက်သည် ဈေးကွက်ပိတ်ရက်များ ဖြစ်သည်။

news-view-count-icon

23