back

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

May 13 • 5:13 AM

breaking-news

Myanmar

Mon

cover

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ စီမံချက်အသစ်အရ မြို့နယ်တစ်ခုလုံးကို တစ်ပြေးညီဆောင်ရွက်မည့်အစား ကျေးရွာတစ်ရွာချင်းစီနှင့် တောစပ်တစ်ခုချင်းစီအထိ ရောဂါဖြစ်ပွားမှုနှုန်းကို အ သေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ ရောဂါအန္တရာယ်ရှိမှု အခြေအနေကို အရောင်များဖြင့် အဆင့်သတ်မှတ်ကာ ငှက်ဖျားပိုး အားအကောင်းဆုံးရှိနေသည့် အနီရောင်အဆင့်ဒေသများကို ဦးစားပေး တိုက်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။ထို့သို့ အသေးစိတ်အဆင့်သတ်မှတ်လိုက်ခြင်းကြောင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှန်တကယ် လိုအပ်သည့်နေရာများသို့ ထောက်ပံ့ပေးနိုင်မည်ဖြစ်ရာ အရင်းအမြစ်များ လေလွင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

news-view-count-icon

40