ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် တရားမဝင် လက်နက်မှောင်ခိုဂိုဏ်းနှင့် ဆက်နွှယ်နေသည်ဟု သံသယရှိရသော တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိပြီးနောက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။စီးပွားရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အကြား ချိန်ဆဆောင်ရွက် နိုင်ရန်အတွက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာပေါင်းစုံနှင့် ညှိနှိုင်းကာ ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ဝန်ကြီးချုပ်က ယခုမူဝါဒကို အလုံးစုံ ပြောင်းလဲပစ်ရန် တောင်းဆိုမှုများအပေါ် ခုခံပြောဆိုခဲ့ပြီး ဖြစ်ရပ်တစ်ခုတည်းကို ကြည့်ကာ ကောက်ချက်မချရန် သတိပေးခဲ့သည်။ 
| 6 | 0 | 0 | 0 |


