ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မေလ ၁၀ ရက် မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (MSME) နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးငရုတ်သီးအမှုန့်လုပ်ငန်းတောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety) နှင့် ထုတ်ပိုးမှုစနစ် (Packaging) အဆင့်မြှင့်တင်ရန် လမ်းညွှန်ခဲ့သည်။
ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်း
May 12 • 6:06 AM
Myanmar
Bago
Share
| 26 | 0 | 0 | 0 |


