back

မန္တလေးတိုင်း၊ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများ၏ မြေအောက်အုတ်မြစ် တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုနေ

May 12 • 3:31 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများ၏ မြေအောက်အုတ်မြစ် တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုနေ

မန္တလေးတိုင်း၊ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခေတ်အဆက်ဆက် ရှေးဟောင်းစေတီပုထိုးများ၏ မြေပြင်အောက် တည်ဆောက်မှုနည်းပညာနှင့် အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရှေးဟောင်းသုတေသ...

မန္တလေးတိုင်း၊ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခေတ်အဆက်ဆက် ရှေးဟောင်းစေတီပုထိုးများ၏ မြေပြင်အောက် တည်ဆောက်မှုနည်းပညာနှင့် အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကွင်းဆင်းတူးဖော် သုတေသနပြုလျက်ရှိကြောင်း သိရသည်။ယခု ၂၀၂၆ ခုနှစ်အတွင်း သုတေသနပြုလုပ်မည့် နေရာများမှာ သဗ္ဗုညုဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ၊ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ၊ညောင်ဦး - ပုဂံမြို့ဟောင်း ကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ တို့ ဖြစ်သည်။အဆိုပါ တူးဖော်သုတေသနပြုနေမှုများကို စိတ်ပါဝင်စားသည့် သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာနိုင်ကြောင်း ပုဂံဌာနခွဲက ဖိတ်ခေါ်ထားသည်။

news-view-count-icon

58