တနင်္သာရီတိုင်း၌ ရေခူဆားနယ်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်နေကြောင်း မြိတ်ကျွန်းစုနေ ပင်လယ် ရေလုပ်သားများနှင့် ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောသည်။ယမန်နှစ်က ရေခူဆားနယ်တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ဝန်းကျင်ဈေးရှိရာက လက်ရှိတွင် ပျမ်းမျှ နှစ်သောင်း သုံးထောင်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။ယခုနှစ်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်က အဝယ်လိုက်နေသည့်အတွက် ယင်းကဲ့သို့ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောဆိုသည်။
| 25 | 0 | 0 | 0 |


