တရုတ် တွင် လက်ထပ်မှုနှုန်း ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွား

May 12 • 2:40 AM

breaking-news

China

Local News

cover

တရုတ် တွင် လက်ထပ်မှုနှုန်း ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွား

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းသည် ယခင်နှစ်ကာလတူထက် ၆.၂% ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်က အဆင့်ထက် ထက်ဝက်ခန့် လျော့နည်း...

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းသည် ယခင်နှစ်ကာလတူထက် ၆.၂% ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်က အဆင့်ထက် ထက်ဝက်ခန့် လျော့နည်းသွားကြောင်း အစိုးရ၏ အချက်အလက်များက ဖော်ပြ သည်။ ယခုနှစ်သုံးလပတ်အတွင်း လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ထားသူပေါင်း ၁.၆၉၇ သန်းရှိကြောင်း ပြည်တွင်းရေးရာဝန်ကြီးဌာနက မေလ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထိုကဲ့သို့ ကျဆင်းသွားသည့် ကိန်းဂဏန်းများက တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုဆိုးရွားလာခြင်းကို ဖော်ပြနေသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် လေးနှစ်ဆက်တိုက်အဖြစ် ကျဆင်းသွားခဲ့ပြီး ကလေးမွေးဖွားနှုန်းသည်လည်း အနိမ့်ဆုံး စံချိန်တင် ကျဆင်းသွားခဲ့ရာ၊ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများက ထပ်မံကျဆင်းလာမည့် အခြေအနေကို သတိပေးထားကြသည်။

news-view-count-icon

5