back

နေရွှေဝင်းစက်ရုံမှာ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်လို့ အလုပ်သမားတွေ ဆန္ဒပြ

May 11 • 2:54 PM

breaking-news

Myanmar

Yangon

cover

နေရွှေဝင်းစက်ရုံမှာ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်လို့ အလုပ်သမားတွေ ဆန္ဒပြ

ရွှေပြည်သာမြို့နယ်က နေရွှေဝင်းအထည်ချုပ်စက်ရုံမှ သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာကို မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက မေလ ၁၁ ရက်မှာ ကန့်ကွက်ဆန္ဒပြနေတယ်လို့ အဲဒီမြိ...

ရွှေပြည်သာမြို့နယ်က နေရွှေဝင်းအထည်ချုပ်စက်ရုံမှ သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာကို မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက မေလ ၁၁ ရက်မှာ ကန့်ကွက်ဆန္ဒပြနေတယ်လို့ အဲဒီမြို့နယ်အထည်ချုပ်သမဂ္ဂက အသိပေးထားပါတယ်။နေရွှေဝင်းစက်ရုံက အော်ဒါနည်းသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်း မေလ ၉ ရက်မှာ ကြေညာခဲ့ပြီး အလုပ်ထုတ်ခံရတဲ့အထဲမှာ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂဝင် ၁၀ ဦး ပါနေတာကြောင့်လို့ ဆိုပါတယ်။အဲဒီလို အလုပ်ထုတ်လိုက်တဲ့ သမဂ္ဂဝင်​တွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်ရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက စက်ရုံအတွင်း တောင်းဆိုနေကြတာလို့ တောင်းဆိုတဲ့အထဲ ပါဝင်သူတစ်ဦးက ဆိုပါတယ်။အခုလို အလုပ်ထုတ်ခံရတဲ့သူ​တွေက အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ ဦးဆောင်နေသူတွေဖြစ်တယ်လို့ ကျန်အဖွဲ့ဝင်တွေက ဆိုပါတယ်။


news-view-count-icon

23