တနင်္သာရီတိုင်း၊ထားဝယ် စက်ဘီးအားကစားအသိုင်းအဝိုင်းတွင် နာမည်ကျော်သည့် အသက်အကြီးဆုံး Biker တစ်ဦးဖြစ်သည့် အသက် ၉၈ နှစ်အရွယ် ဦးသီးလှိုင်၏ စျာပနကို ထားဝယ် စက်ဘီးအသင်းဝင်များနှင့် စက်ဘီးဝါသနာရှင် ၆ဝ ကျော်က စက်ဘီးနင်း၍ လိုက်ပါပို့ဆောင်ကြကြောင်း စက်ဘီးအသင်းဝင်အချို့ထံမှ သိရသည်။ဦးသီးလှိုင်သည် မေလ ၇ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ၎င်း၏ စျာပန ကို မေလ ၁ဝ ရက်တွင် ထားဝယ်မြို့နယ်၊ ဇဟာရွာရှိ ဘာသာပေါင်းစုံ သုသာန်၌ ပြုလုပ်၍ မီးသင်္ဂြိုဟ်ခဲ့သည်။စျာပနပို့ဆောင်ရာတွင် စက်ဘီးအမျိုးအစားမျိုးစုံ စီးနင်းကာ လိုက်ပါပို့ဆောင်ခဲ့ကြပြီး စက်ဘီးစီးနင်းသူများသည် "ဦးသီးလှိုင် အမှတ်တရ" ဟု ရုပ်ပုံနှင့် စာသားရိုက်နှိပ်ထားသည့် အဖြူရောင်တီရှပ်များကို ဆင်တူဝတ်ဆင်ခဲ့ကြသည်။စျာပနပို့ဆောင်ရာ (ထားဝယ်မြို့နှင့် ဇဟာရွာ) အသွားအပြန် လမ်းကြောင်း ၁၄မိုင်ခန့် (၂၂ကီလိုမီတာခန့်) ရှိကြောင်း ကိုယ်တိုင် စက်ဘီးစီးနင်း၍ စျာပနပို့ဆောင်ခဲ့သူတစ်ဦးက ပြောသည် ။
တနင်္သာရီတိုင်း၊ထားဝယ်ရှိ အသက်အကြီးဆုံး Biker ဦးသီးလှိုင် စျာပန စက်ဘီးအသင်းနှင့် ဝါသနာရှင် ၆၀ ကျော် စက်ဘီးစီးပြီးပို့ဆောင်
May 11 • 7:09 AM
Myanmar
Tanintharyi
Share
| 14 | 0 | 0 | 0 |


