မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်မှ ဖျက်ဆီးခံထားရသည့် ဓာတ်အားခွဲရုံနှင့် လိုင်းအချို့ကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ပြန်လည်ပြင်ဆင်လျက်ရှိသည်။စီမံကိန်းတာဝန်ရှိသူများက ၅၀၀ ကေဗွီ ဓာတ်အားစနစ်မှတစ်ဆင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နေမှုနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြသည်။



