back

မွန်ပြည်နယ်၊မော်လမြိုင်တွင် တရားမဝင်ဓါတ်အားလိုင်းဆွဲမှုများပြုလုပ်နေ

May 11 • 2:58 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မော်လမြိုင်တွင် တရားမဝင်ဓါတ်အားလိုင်းဆွဲမှုများပြုလုပ်နေ

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် တရားမဝင်မြေကွက်များဖော်ဆောင်ကာ တရားမဝင် ဓါတ်အားလိုင်းဆွဲမှုများပြုလုပ်နေသည်ဟု ဒေသခံများထံမှသိရှီရသည်။ ဓါတ်အားလိုင်းသွယ်တန်းရာတွ...

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် တရားမဝင်မြေကွက်များဖော်ဆောင်ကာ တရားမဝင် ဓါတ်အားလိုင်းဆွဲမှုများပြုလုပ်နေသည်ဟု ဒေသခံများထံမှသိရှီရသည်။ ဓါတ်အားလိုင်းသွယ်တန်းရာတွင် ပြည်နယ်လျှပ်စစ်ဌာနထံတင်ပြ၍ခွင့်ပြုချက်ရရှိပြီးမှ ဓါတ်တိုင်စိုက်ထူကာ ဓါတ်ကြိုးသွယ်တန်းရမည်ဖြစ်သော်လည်း လက်ရှိတွင် အောက်ခြေရှိ မြို့ယာများနှင့်ညှိနှိုင်းကာ တရားမဝင်ဓါတ်တိုက်စိုက်ထူသွယ်တန်းနေခြင်းဖြစ်သည်ဟု ဒေသခံမျာကဆိုသည်။ ရပ်ကွက်မှာက အကွက်သစ်တွေရိုက်ပြီးဓါတ်တိုင်စိုက်ပြီးကိုယ်ထူကိုယ်ထလုပ်နေကြတာ အကွက်သစ်တွေများလာတော့ သုံးစွဲသူများလာတယ် ယခင် ထရန့်စဖော်မှာနဲ့အဆင်မပြေတော့ဘူး အိမ်အဟောင်းတွေအတွက်အခက်အခဲဖြစ်တာပေါ့ဟု တောင်းဝိုင်းရပ် အင်းလျားလမ်းနေသူတစ်ဦးကပြောသည်။ အင်းလျားလမ်းထိပ်တွင် အကွက်သစ်ဖော်ကာ ဓါတ်တိုင်စိုက် ကြိုးသွယ်တန်းထားသည်ကိုတွေ့ရှိရသဖြင့် ပြည်နယ်လျှပ်စစ်ရုံးအားမေးမြန်းရာ တင်ပြထားခြင်းမရှိ၍ မသိရှိဟု ပြည်နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

news-view-count-icon

41