back

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာ

May 11 • 2:55 AM

breaking-news

Thailand

Local News

breaking-news
cover

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်(Thaksin Shinawatra) သည် ယနေ့(မေလ ၁၁ ရက်) နံနက် ၇ နာရီ ၄၈ မိနစ်တွင် ကလောင်ပရမ် အကျဉ်းထောင်ဟုလူသိများသည့် ဘန်ကောက်အကျဉ်းထ...

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်(Thaksin Shinawatra) သည် ယနေ့(မေလ ၁၁ ရက်) နံနက် ၇ နာရီ ၄၈ မိနစ်တွင် ကလောင်ပရမ် အကျဉ်းထောင်ဟုလူသိများသည့် ဘန်ကောက်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြောင်းထိုင်းသတင်းများကဖော်ပြသည်။ သက်ဆင်သည် အကျဉ်းထောင်ဂိတ်တံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဝန်ကြီးချုပ်ဟောင်း ပေထောင်တန် ရှင်နာဝပ်၊ ပင်ထောင်ထာ ရှင်နာဝပ် ကူနာကွန်ဝမ်၊ ပန်ထောင်ထေး ရှင်နာဝပ် နှင့် ၎င်း၏ မြေးဖြစ်သူများကို ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။၎င်းသည် parole (ခံဝန်) ဖြင့် လွတ်မြောက်လာပြီး သူ၏ခံဝန်ကာလဖြစ်သော စက်တင်ဘာလ ၉ ရက်နေ့အထိ အီလက်ထရွန်နစ်ခြေချုပ် (EM) လက်ပတ်ကို ဝတ်ဆင်ထားရန် လိုအပ်သည်။ သူသည် အကျဉ်းဦးစီးဌာန၏ စည်းမျဉ်းများအရ အထွေထွေခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား ၈၅၉ ဦးတွင် ပါဝင်သည်။သက်ဆင်သည် လွတ်မြောက်ပြီး သုံးရက်အတွင်း ဘန်ကောက်မြို့ရှိ နံပါတ် ၁ ပြစ်ဒဏ်ကြီးကြပ်ရေးရုံးသို့ သတင်းပို့ရန် လိုအပ်ကြောင်း ၊ ဘန်ဖလတ်ခရိုင်ရှိ သူ၏နေအိမ်ဖြစ်သော ဘန်ချန်းဆောင်လားသည် အဆိုပါရုံး၏ စီရင်ပိုင်ခွင့်အတွင်း တည်ရှိသောကြောင့်ဖြစ်ကြောင်း ၊ ခံဝန်ကာလတစ်လျှောက်လုံး လစဉ်သတင်းပို့ရမည်ဟု မျှော်လင့်ရကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ၂၀၀၆ ခုနှစ်မတိုင်မီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အာဏာအလွဲသုံးစားမှုနှင့် အကျိုးစီးပွားတို့အတွက် ချမှတ်ထားသော ထောင်ဒဏ်တစ်နှစ်ကို တရားလွှတ်တော်ချုပ်က အမိန့်ချမှတ်ခဲ့သည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့ကတည်းက အချုပ်ခန်းအတွင်း ရောက်ရှိနေခြင်းဖြစ်သည်။

news-view-count-icon

29