back

ရန်ကုန်၌လက်မှုပညာများအခမဲ့သင်ကြားပေးပြီး အမေများနေ့ကို ဂုဏ်ပြု

May 11 • 1:43 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၌လက်မှုပညာများအခမဲ့သင်ကြားပေးပြီး အမေများနေ့ကို ဂုဏ်ပြု

အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ i Creative Studio မှာ မေလ၁၀ရက်က လက်မှုပညာရပ်တွေကို အခမဲ့သင်ကြားပေးပြီး လက်မှုပညာထုတ်...

အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ i Creative Studio မှာ မေလ၁၀ရက်က လက်မှုပညာရပ်တွေကို အခမဲ့သင်ကြားပေးပြီး လက်မှုပညာထုတ်ကုန်တွေကို လက်ဆောင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။အခုလို အမေများနေ့ကို ဂုဏ်ပြုမှုပြုလုပ်တာဟာ ဒုတိယအကြိမ်အဖြစ်ပြီး i Creative Studioမှ ဦးဆောင်ကာ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေကလည်း ပါဝင်ကာ ဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။လက်မှုပညာထုတ်ကုန်တွေကို အမေတွေကို လက်ဆောင်အဖြစ်ပေးနိုင်ဖို့နဲ့ လက်မှုပညာထုတ်ကုန်တွေဖန်တီးရင်း အမေတွေကို သတိရစေဖို့အတွက် အခုလိုဂုဏ်ပြုပွဲပြုလုပ်တာဖြစ်တယ်လို့ i Creative Studioမှ founder ဒေါ်ကြည်ပြုံးမြင့်က ပြောပါတယ်။အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မှုပညာထုတ်ကုန်တွေဖြစ်တဲ့ ရိုးရာဂျပ်ခုတ်၊ Sashiko ပန်းထိုးနည်းပညာနဲ့ အိတ်ချုပ်တာတွေကို ဂုဏ်ပြုပွဲကို လာရောက်သူတွေကို အခမဲ့သင်ကြားပေးပြီး ကိုယ်တိုင်ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

35