ယခုရက်ပိုင်း မန္တလေးဆေးဝါးဈေးကွက်အတွင်း နှလုံးရောဂါနှင့်သွေးတိုးရောဂါတို့အတွက် သောက်သုံးမှုများသည့် ဆေးအမှတ်တံဆိပ်တချို့မှာ ပစ္စည်းပြတ်လပ်နေကြောင်း ဆေးဆိုင်များနှင့် ဆေးပုံမှန်သောက်သုံးနေရသူများထံမှ သိရသည်။အထူးသဖြင့် နှလုံးရောဂါရှိသူများ သောက်သုံးမှုများသည့် VASOPTEN, VERASAN အမှတ်တံဆိပ်ဆေးဝါးအုပ်စု ပစ္စည်းပြတ်လပ်နေခြင်းဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အရ နေ့စဉ်သောက်သုံးနေရသူများအတွက် အခက်ကြုံနေရသည်။အထက်ပါ ဆေးဝါးများသည် ကယ်လ်စီယမ် လမ်းကြောင်းပိတ်ဆို့ ဆေးတမျိုး ဖြစ်ပြီး နှလုံးကြွက်သားဆဲလ်များ၊ နှလုံးလျှပ်ကူးခြင်းဆောင်ရွက်သော ဆဲလ်များနှင့် သွေးကြောနံရံ ကြွက်သားဆဲလ်များတွင် အာနိသင် အဓိကသက်ရောက်သည်။နှလုံးသွေးညှစ်ထုတ်မှုပမာဏကို လျော့ကျစေကာ နှလုံးခုန်နှုန်းကို နှေး စေသည်။



