back

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး

May 10 • 4:42 PM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး

မေလ ၇ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၅)လမ်းမကြီးပေါ် ဘဝသစ်မှတ်တိုင်၌ ယာဉ်မတော်တဆမှု ဖြစ်ပွား ကြောင်း သ...

မေလ ၇ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၅)လမ်းမကြီးပေါ် ဘဝသစ်မှတ်တိုင်၌ ယာဉ်မတော်တဆမှု ဖြစ်ပွား ကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နေ သိန်းထွန်းဆွေ(၄၀)နှစ် သည် အမှတ်(၅)လမ်းမကြီး အတိုင်း အရှေ့မှအနောက်သို့ MGY-5 7B/xxxx Nissan Diesel Truck ယာဉ်အား ယာဉ်နောက်ခန်း တွင် ဆီ ၁၀၀၀ လီတာဆံ့ ပလပ်စတစ်ပုံး တင်ဆောင်မောင်းနှင်လာခဲ့ရာ ဘဝသစ်မှတ်တိုင်အရောက် အရှိန်လွန်ကာ ဘရိတ်နင်းလိုက်စဉ် ယာဉ်နောက်ခန်း၌ လိုက်ပါလာသည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ ကိုဝိုင်းချစ်မောင်(၂၂)နှစ်မှာ ဆီပုံးလိမ့်ပြီး ဆီပုံးနှင့်ကားဘော်ဒီကြားတွင် ညှပ်ကာ ဒဏ်ရာများရရှိ သေဆုံးသွားခဲ့သောကြောင့် သိန်းထွန်းဆွေ အား လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။





news-view-count-icon

37