back

ထိုင်းရောက် ပအိုဝ်းလူငယ်ဆယ်လီ ခွန်သန်းထက် ဘန်ကောက်တွင် ဓားပြတိုက်ခံရပြီး ဓားဖြင့်ခုတ်ခံရ

May 10 • 6:01 AM

breaking-news

Thailand

Local News

cover

ထိုင်းရောက် ပအိုဝ်းလူငယ်ဆယ်လီ ခွန်သန်းထက် ဘန်ကောက်တွင် ဓားပြတိုက်ခံရပြီး ဓားဖြင့်ခုတ်ခံရ

ပအိုဝ်းလူငယ်ဆယ်လီ ခွန်သန်းထက်သည် မေလ ၉ ရက် ညပိုင်းက ဘန်ကောက်မြို့၊ ဘန်ကပီကုန်တိုက်အနီးရှိ လူကူးတံတားပေါ်တွင် အမည်မသိလူစု၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ဓားဖြင့်...

ပအိုဝ်းလူငယ်ဆယ်လီ ခွန်သန်းထက်သည် မေလ ၉ ရက် ညပိုင်းက ဘန်ကောက်မြို့၊ ဘန်ကပီကုန်တိုက်အနီးရှိ လူကူးတံတားပေါ်တွင် အမည်မသိလူစု၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ဓားဖြင့်ခုတ်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။ "ပအိုဝ်းကောင်လေးပါ" သီချင်းဖြင့် လူသိများသည့် ၎င်းသည် လူကူးတံတားပေါ်မှအပြန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုင်းဘတ်ငွေ ၇ ထောင်ကျော် လုယက်ခံခဲ့ရကာ လက်နှစ်ဖက်တွင် ဓားဒဏ်ရာများ ရရှိခဲ့သည့်အပြင် ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့လည်း ထိုးကြိတ်ကန်ကျောက်ခံခဲ့ရကြောင်း ၎င်း၏လူမှုကွန်ရက်တွင် မျှဝေထားသည်။ အဆိုပါ လမ်စလီဘက်သို့ကူးသည့် တံတားမှာ မှောင်အတိကျပြီး လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ထိုင်းရောက်မြန်မာများအနေဖြင့် ညဘက်သွားလာရာတွင် အထူးသတိပြုကြရန် နီးစပ်သူများနှင့် ဒေသခံများက တိုက်တွန်းနှိုးဆော်ထားပါသည်။

news-view-count-icon

25