back

နေ့စဥ်လူနာ(၅,၀၀၀)ကျော်အား ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံ

May 10 • 4:47 AM

breaking-news

China

Local News

cover

နေ့စဥ်လူနာ(၅,၀၀၀)ကျော်အား ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံ

နေ့စဉ်လူနာ(၅,၀၀၀)ကျော်အား ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံအား ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင် စစ်ဝန်ချုပ်...

နေ့စဉ်လူနာ(၅,၀၀၀)ကျော်အား ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံအား ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင် စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းက မေ ၉ ရက်တွင် ကြည့်ရှုလေ့လာခဲ့သည်။လျန်ကျန်းဆေးရုံရှိ အရေးကြီးပုဂ္ဂိုလ်ကုသရေးဌာန၊ အ ရေးပေါ်လူနာဌာန၊ ဓာတ်မှန်ဌာနနှင့် AI နည်းပညာအ သုံးပြုထားသည့် ဆေးဘက်ဆိုင်ရာကိရိယာများကို ကြည့်ရှုလေ့လာပြီး ဆေးရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လျန်ကျန်းဆေးရုံနှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်နှင့် ဆေးရုံများကြား ဆေးကျောင်းသားနှင့် ဆရာဝန်များ အပြန်အလှန်ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။အဆိုပါ လျန်ကျန်းဆေးရုံအား ၁၉၅၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ကျန်းမာရေးဌာနကြီး(၅)ခုနှင့် ဆေးပေးခန်း(၈)ခုဖြင့်စီမံခန့်ခွဲလျက်ရှိကာ ဝန်ထမ်းအင်အား (၁,၈၀၀)ကျော်၊ အထူးကုဆရာဝန်(၂၃၀)ကျော်နှင့် လူ နာကုတင်(၁,၂၀၀)ဝင်ဆံ့ပြီး နေ့စဥ် လူနာ(၅,၀၀၀) ကျော်ကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

news-view-count-icon

19