ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရ၏စီစဉ်မှုဖြင့် Seoul Friendship Festival 2026 ကို မေ ၉ ရက်ကကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးတက်ရောက်ခဲ့သည်။ထို့ပြင် မြန်မာသံရုံးမှလည်း Embassy Zone ၌ မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများ၊ မြန်မာရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချပေးခဲ့သည်။အဆိုပါ Seoul Friendship Festival 2026 ကို ဆိုးလ်မြို့ရှိ Dongdaemun Design Plaza (DDP)တွင် နိုင်ငံပေါင်း (၇၂)နိုင်ငံမှပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် နှစ်(၃၀)ပြည့်ကာလနှင့်တိုက်ဆိုင်သဖြင့် “30 Years with the World, Bridging Culture Together” ခေါင်းစဉ်ဖြင့် (၂)ရက်ကြာကျင်းပနေခြင်းဖြစ်သည်။ 
May 10 • 2:41 AM
Myanmar
International
Share
| 31 | 0 | 0 | 0 |


