back

ဧရာ၀တီတိုင်းမှာ မီးပျက်ချိန် ပိုများလာနေ

May 10 • 2:38 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာ၀တီတိုင်းမှာ မီးပျက်ချိန် ပိုများလာနေ

ဧရာ၀တီတိုင်းအတွင်းရှိ မြို့တော် ပုသိမ်အပါအဝင် ကျန်မြို့နယ်တွေမှာ တနေ့လုံးမှာမှ မီးလာချိန် နှစ်နာရီဝန်းကျင်သာ ရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ထမင်း၊ ဟင်း မချက်နိ...

ဧရာ၀တီတိုင်းအတွင်းရှိ မြို့တော် ပုသိမ်အပါအဝင် ကျန်မြို့နယ်တွေမှာ တနေ့လုံးမှာမှ မီးလာချိန် နှစ်နာရီဝန်းကျင်သာ ရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ထမင်း၊ ဟင်း မချက်နိုင်၊ ရေမတင်နိုင်ဖြစ်နေပြီး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။လျှပ်စစ်ဓါတ်အား အခက်အခဲကြောင့် ရပ်ကွက်အလိုက် အချိန်အပိုင်းအခြားနဲ့ တရက်မှာ ခြောက်နာရီကျစီ မီးပေးမယ်လို့ EPCက အသိပေးထားပေမယ့်လည်း လက်တွေ့မှာတော့ အခုလိုမီးမမှန်ဖြစ်နေတာပါ။ပုသိမ်မြို့မှာ ရပ်ကွက်အလိုက် အလှည့်ကျစီ မီးနဲ့ရေပေးဝေဖို့ အချိန်ဇယား ခွဲဝေထားပေမယ့် အဲဒီအချိန်အတိုင်း မရဘူးလို့ ဆိုကြပါတယ်။ပုသိမ်အပြင် အခြားမြို့တွေမှာလည်း အလားတူပဲ အချိန်မှ လျှပ်စစ်မီးမလာတာကြောင့် အခက်အခဲများစွာနဲ့ ကြုံနေ ကြရတယ်လို့ ဆိုကြပါတယ်။

news-view-count-icon

25