back

ရခိုင်ပြည်နယ်ရှိကောင်းကင်ပေါ်မှာညအချိန်၌ တောက်ပတဲ့အလင်းတန်းတစ်ခုဖြတ်သန်းသွားတာကို ရခိုင်ပြည်သူတွေမြင်တွေ့ခဲ့ရဟုဆို

May 10 • 2:30 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်ရှိကောင်းကင်ပေါ်မှာညအချိန်၌ တောက်ပတဲ့အလင်းတန်းတစ်ခုဖြတ်သန်းသွားတာကို ရခိုင်ပြည်သူတွေမြင်တွေ့ခဲ့ရဟုဆို

ရခိုင်ပြည် အနောက်ဘက် ကောင်းကင်ပေါ်မှာ တောက်ပတဲ့ အလင်းတစ်ခု မိနစ်အနည်းငယ်ကြာ ဖြတ်သန်းသွားတာကို အများပြည်သူတွေ ထူးခြားဆန်းကြယ်စွာတွေ့မြင်ခဲ့ကြရပါတယ်။ထိုအလင်းတန်းဟ...

ရခိုင်ပြည် အနောက်ဘက် ကောင်းကင်ပေါ်မှာ တောက်ပတဲ့ အလင်းတစ်ခု မိနစ်အနည်းငယ်ကြာ ဖြတ်သန်းသွားတာကို အများပြည်သူတွေ ထူးခြားဆန်းကြယ်စွာတွေ့မြင်ခဲ့ကြရပါတယ်။ထိုအလင်းတန်းဟာ မနေ့ ည ၇နာရီကျော် ( ၇ နာရီ ၂၀ မိနစ်) ခန့်မှာ ကောင်းကင်ပေါ်က ဖြတ်သန်းသွားတာကို မြင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မြောက်ဦး ဒေသခံ တစ်ဦးက “ မြောက်ဦးနယ်ကမြင်ရတာက ဒီအလင်းတန်းက အနောက်ဘက်အရပ်ကမြင်တွေ့ရတာပါ”လို့ ဆက်သွယ်ပြောကြားပါတယ်။ ဒီအလင်းတန်းဟာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒက်ရှ် (Andhra Pradesh) ပြည်နယ်၊ သီရိဟာရီကိုတာ (Sriharikota) ကျွန်းမှာရှိတဲ့ "ဆာတစ်ရှ် ဒါဝန် အာကာသစခန်း" (Satish Dhawan Space Centre - SDSC) ကနေ ဒုံးပျံ လွှတ်တင်ခဲ့တာ ဖြစ်တယ်လို့လည်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအလင်းတန်း ထူးဆန်းတဲ့ သဘာဝဖြစ်စဉ် ဒါမှမဟုတ် ဂြိုဟ်တုဂြိုဟ်မွှားတွေကြောင့် ဖြစ်တာမဟုတ်ဘဲ ဒုံးပျံ (Rocket) တစ်စင်းကို လွှတ်တင်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုလို့လည်း ပြောဆိုကြပါတယ်။


news-view-count-icon

22