ရှမ်းမြောက် နမ္မတူမြို့ထဲ ကားဘရိတ် ပေါက်ရာကနေ မတော်တဆမှုဖြစ်လို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။မနေ့ မေလ ၉ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ နမ္မတူမြို့ မြို့မဈေးအနီးမှာ မြေတင်ကားတစ်စီး ဘရိတ်ပေါက်ရာကနေ မောချယ်ရီတည်းခိုခန်းအနီးရှိ နေအိမ်တစ်အိမ်ကို ဝင်တိုက်မိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ယာဉ်မတော်တဆမှုကြောင့် ဦးဂျဘားဆိုသူ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင်စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို နမ္မတူ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
May 10 • 1:25 AM
Myanmar
Shan
Share
| 28 | 0 | 0 | 0 |


